Scrotal pain/Testicular pain ( ကပ္ပယ်အိတ် နာကျင်ခြင်း )
12-May-2017
အကျဉ်းရှင်းလင်းချက်
ကပ္ပယ်အိတ် နာကျင်ခြင်းမှာ အမျိုးသားကပ္ပယ်အိတ်နှင့်အနီးတစ်ဝိုက်တွင် နာကျင်ခြင်းဖြစ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ကပ္ပယ်အိတ်မှာ လွန်စွာအထိမခံနိုင်သော အဂါင်္ဖြစ်သောကြောင့် အနည်းငယ်မျှထိခိုက်လျှင်ပင် နာကျင်စေနိုင်သည်။ ကပ္ပယ်အိတ်နာကျင်ခြင်းမှာ ကပ္ပယ်အိတ်ကိုယ်တိုင်မှဖြစ်နို်င်သလို ကပ္ပယ်အိတ်ကိုထောက်ပံ့ပေးသော Epididymis မှ နာကျင်မှုလည်းဖြစ်နိုင်သည်။တစ်ခါတစ်ရံတွင် ဝမ်းဗိုက်(သို့)ပေါင်ခြံမှ နာကျင်လျှင်လည်း ကပ္ပယ်အိတ်တွင် နာကျင်မှုခံစားရတတ်သည်။(Referred pain)(ဥပမာ- ကျောက်ကပ်ကျောက်တည်ခြင်း၊ အူကျခြင်း) သို့သော် နာကျင်ရသောအကြောင်းရင်းကို ရှာဖွေမတွေ့ရှိနိုင်တာမျိုးလည်းဖြစ်နိုင်သည်။ အများအားဖြင့် အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်နိုင်သည်။
- ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း Diabetic neuropathy
- ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ( အချို့ပိုးသတ်ဆေးများနှင့်ကင်ဆာဆေးများ)
- ဝှေးညှာရောင်ရမ်းခြင်း Epididymitis
- ကပ္ပယ်အိတ်ပုပ်ခြင်း
- သွေးကြောမျှင်များ ရောင်ရမ်းသွေးယိုခြင်း Henoch-Schonlein purpura
- ရေမုတ် Hydrocele
- ပေါင်ခြံမှ အူကျခြင်း
- ကျောက်ကပ်ကျောက်တည်ခြင်း
- ပါးကျိတ်ရောင်ခြင်း
- ဝှေးစေ့ရောင်ခြင်း Orchitis
- ဆီးကျိတ်ရောင်ခြင်း
- ကပ္ပယ်အိတ်တွင် အကျိတ်ပေါ်ခြင်း
- ကပ္ပယ်အိတ်ကို ထိခိုက်ခြင်း
- ဝှေးစေ့ကင်ဆာ
- ဝှေးစေ့လိမ်ခြင်း
- ကပ္ပယ်အိတ်ထဲသို့ ဝှေးစေ့မရောက်ခြင်း Undescended testicle
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary tract infection (UTI)
- ကပ္ပယ်အိတ်တွင် သွေးကြောများထုံးခြင်း Varicocele
- အမျိုးသား သားကြောဖြတ်ခြင်း Vasectomy
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
× အရေးပေါ်ကုသမှုခံယူသင့်သည့်အချက်များ
- ရုတ်တရက်ပြင်းထန်စွာ နာကျင်လျှင် ဝှေးစေ့လိမ်ခြင်းဖြစ်နိုင်ကာ အရေးပေါ်ကုသမှုလိုအပ်သည်။
- ဖျားခြင်း၊ ပျို့ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်းများဖြစ်လျှင်လည်း ချက်ချင်းပြသသင့်သည်။
× ဆရာဝန်အား ပြသသင့်သောအချက်များ
- ကပ္ပယ်အိတ်နာကျင်မှုမှာ ရက်အတန်ကြာလာလျှင်
- ဝှေးစေ့နားတစ်ဝိုက်တွင် အလုံးအကျိတ်များဖြစ်လာလျှင်
စစ်ဆေးမှုများ
- ဆရာဝန်နှင့်သေချာစမ်းသပ်စစ်ဆေးခြင်း
- ဆီးစစ်ဆေးခြင်း၊ ဆီးထဲမှ ပိုးမွေးစစ်ဆေးခြင်း
- လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို စစ်ဆေးခြင်း
- အာထရာစောင်း Color doppler ultrasonography နှင့်စမ်းသပ်ခြင်း
ကုသခြင်း
ကုသရာတွင် အကြောင်းရင်းကို အရင်စမ်းသပ်စစ်ဆေးပြီး ကုသရမည်။ ဥပမာ - ဝှေးစေ့လိမ်ခြင်း၊ အူကျပြီးအူပြန်မဝင်နိုင်ခြင်း၊ ပုပ်ရောင်ပြီးပိုးဝင်ခြင်းတို့တွင် အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်သည်။
အောက်ပါလုပ်ဆောင်ချက်များဖြင့် နာကျင်မှုကို ခဏတာ ထိန်းထားနိုင်သည်။
- နာကျင်သောနေရာသို့ ရေခဲဝတ် အုံပေးခြင်း
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် သောက်ခြင်း ( Paracetamol,ibuprofen)
- ပက်လက်လှဲပါက အဝတ်တစ်ခုကို ကပ္ပယ်အိတ်အောက်ထားခြင်း၊ ကပ္ပယ်အိတ်ကို ပင့်တင်ပေးသည့်ပစ္စည်းများသုံးခြင်း
ကာကွယ်ခြင်း
နာကျင်မှု၏ တစ်ချို့သောအကြောင်းရင်းများသည် ကာကွယ်နိုင်သောကြောင့် အောက်ပါတို့ကိုပြုလုပ်နိုင်သည်။
- လိင်မှတစ်ဆင့်ကူးစက်တတ််သောရောဂါများကို ကာကွယ်နိုင်ရန် စိတ်ချရသောလိင်ဆက်ဆံမှု Safer sex ဖြင့်သာ နေသင့်သည်။
- အားကစားဆော့စဉ် ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်နိုင်ရန် ကပ္ပယ်အိတ်အကာအကွယ်ပစ္စည်းအား ဝတ်ဆင်ခြင်း
- အလွန်အမင်းစက်ဘီးစီးခြင်း၊ အလေးမခြင်းကဲ့သို့ ထိခိုက်နိုင်မည့်အပြုအမူများကို ရှောင်ကြည်ပါ။
- ကပ္ပယ်အိတ်ကင်ဆာများဖြစ်မဖြစ် ကြိုတင်သိရှိနိုင်ရန် မိမိကိုယ်တိုင်ပုံမှန်စမ်းသပ်ပေးပါ။
- ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးကျိတ်ရောင်ခြင်းတို့ကို စောလျင်စွာသိရှိပြီး ကုသမှုခံယူပါ။
- ဆီးလမ်းကြောင်းပိုးဝင်ရခြင်းနှင့် ဆီးကျောက်တည်ခြင်းတို့နှင့်ပက်သက်ပြီး သေချာလေ့လာထားသင့်သည်။
အခြားသိသင့်သော အချက်များ
ဝှေးစေ့လိမ်ခြင်း Testicular torsion သည် အသက်ကြီးသောအမျိုးသားများတွင် အဖြစ်များလေ့မရှိပေ။ဖြစ်ပါကလည်း ရောဂါလက္ခဏာမှာ ပုံမှန်မဟုတ်ဘဲ ရောဂါရှာဖွေရာတွင် ပို၍ခက်ခဲနိုင်သည်။
ဝှေးစေ့ရောင်ခြင်း Orchitis နှင့် ဝှေးညှာရောင်ရမ်းခြင်း Epididymitis တို့သည် အသက်ကြီးသောအမျိုးသားများတွင် ပိုမိုဖြစ်ပွားတတ်သည်။
ဝှေးစေ့ရောင်ရမ်းခြင်းသည်လည်း လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကြောင့် ဖြစ်ခဲသည်။ တစ်ခါတစ်ရံတွင် ပေါင်ခြံတွင် အူကျခြင်း၊ အူမကြီးပေါက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း(renal colic) တို့သည်လည်း အသက်ကြီးသောအမျိုးသားများတွင် ကပ္ပယ်အိတ်နာကျင်စေနိုင်သည်။
Ref:
- Mayo clinic
- Merck Manual.com ( kidney and urinary tract disorders )
- Healthcommunities.com
Translated by Dr.YadanarPhooWaiAung
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
